about-course-banner

CATs Step is a complete package

CATs Step ဟာ ကူညီထောက်ပံ့မှုကောင်းစွာပေးထားတဲ့ အဆင့်တွေနဲ့ စနစ်တကျ သင်ကြားမှု့နည်းလမ်းတွေပါတယ်။ CATs Step ပရိုဂရမ် သုံးခု ရှိပါတယ်။

ပရိုဂရမ်များတွင် CATs Steps များပါဝင်ကာ အဆင့်တစ်ခုစီဟာ CEFR level ရဲ့သုံးပုံတစ်ပုံကို လွှမ်းခြုံထားပါတယ်။

cats-ref-flowchart

CATs Step တစ်ခုစီမှာ Step သင်ခန်းစာပြီးဆုံးမှု စာမေးပွဲအတွက် သင်တန်းသားတွေ ပြင်ဆင်ဖို့ လိုတဲ့ သင်ခန်းစာ၊ လေ့ကျင့်မှုအားလုံး ပါဝင်ပါတယ်။ မိုဘိုင်းဖုန်း၊ တက်ဘလက်၊ iPad ၊ Chromebook ၊ PC နဲ့ Mac တို့မှာ သင်ယူနိုင်ပြီး CATs Step ဟာ သင်တန်းသားတို့အတွက် ကိုယ်နဲ့ သင့်တော်တဲ့ အချိန်၊ သင့်တော်တဲ့နေရာမှာ မိမိအဆင်ပြေသလို အကောင်းဆုံး သင်ယူနိုင်စေမှာ ဖြစ်ပါတယ်။

The CATs Step journey

CATs Step သင်ခန်းစာများ သင်ကြားရခြင်းမှာ လွယ်ကူ၊ မြန်ဆန် ထိရောက်ပါတယ်။

  • 1

    CATs Step တွင် register လုပ်ပြီး သင့် level နဲ့ ကိုက်ညီတဲ့ CATs Step ကို သိနိုင်ဖို့ စာမေးပွဲ ဖြေဆိုလိုက်ပါ။

  • 2

    CATs Step သင်တန်းစာရွက်စာတမ်းနှင့် လေ့ကျင့်စစ်ဆေးမှု့များ ရယူလိုက်ပါ။

  • 3

    CATs Step Website သို့မဟုတ် CATs Step application မှတစ်ဆင့် online သို့မဟုတ် offline သင်ခန်းစာများကို လေ့ကျင့်ဆောင်ရွက်ပါ။

  • 4

    end-of-Step စာမေးပွဲ ဖြေဆိုပါ။

  • 5

    ၂၄ နာရီအတွင်း ရလဒ်၊ certificate နှင့် အကြံပြုဆွေးနွေးချက်ကို ရယူပါ။

  • 6

    နောက် CATs Step သို့ ဆက်လက်သွားရောက်ပါ။

CATs Step tests

  • CATs Step စာမေးပွဲများမှာ ဤ CATs Step သင်တန်းမှ ပို့ချတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ဘာသာစကား စွမ်းရည် ၄ ခုလုံး ပါဝင်ပါတယ်- speaking, listening, reading နဲ့ writing တို့ ဖြစ်ပါတယ်။
  • CATs Step စာမေးပွဲတွေကို ဆန်းသစ် တိကျပြီး လိုက်လျောညီထွေရှိတဲ့ စနစ်နဲ့ စစ်မေးပါတယ်။
  • CATs Step စာမေးပွဲတွေကို ကိန်းဂဏန်းများအရ အတည်ပြုပြီး CEFR နဲ့ ကိုက်ညီအောင် ပြုလုပ်ထားပြီးဖြစ်ပါတယ်။
  • CATs Step မှာ Carnegie Mellon University က နည်းပညာကို လိုင်စင်ရယူအသုံးပြုပြီး Carnegie Speech နဲ့ ပူးပေါင်း ရေးဆွဲထားတဲ့ အဆင့်မြင့် software ကနေ တစ်ဆင့် စကားပြောစွမ်းရည်နဲ့ အရေးစွမ်းရည်တွေကို online ကနေ အကဲဖြတ်တဲ့ စနစ် ပါရှိပါတယ်။
cats-primary

အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် သင်တန်းသားများ

A0: Step Into 1 and 2A1: Step Forward 1 and 2

သီချင်းတွေ ဂိမ်းတွေ အပါအဝင် ခန့်မှန်းချေ နာရီ ၃၀စာ အွန်လိုင်းသင်ခန်းစာများ

Computer-based

cats-primary-img

CATs Step Primary သင်ခန်းစာတွေကို ကလေးများ ချက်ခြင်း စတင် သင်ယူနိုင်ပါတယ်။

Friendly owl avatar က လေ့ကျင့်ခန်းတွေမှာ အင်္ဂလိပ် လို ဒါမှမဟုတ် ကလေးရဲ့ မိခင်ဘာသာစကားနဲ့ လမ်းညွှန်မှုတွေပေးပါတယ်။

CATs Step Primary မှာမိဘ လမ်းညွှန်ပါရှိပြီး ကိုယ့်ကလေး ဘာတွေ သင်နေသလဲ၊ ဘယ်လောက် တိုးတက်နေသလဲဆိုတာ မိဘတွေ နားလည်အောင် ကူညီမှာ ဖြစ်ပါတယ်။ သင်ခန်းစာတွေကို offline ဆက်လက်လေ့လာနိုင်ဖို့ လေ့ကျင့်ခန်းစာရွက်တွေကိုလည်း print ထုတ်နိုင်ပါတယ်။

cats-core

ဆယ်ကျော်သက်နဲ့ ယခင် လေ့လာဖူးသူများ

A1: Step Forward 1, 2 and 3A2: Step Up 1, 2 and 3B1: Step Ahead 1, 2 and 3

အပြန်အလှန်လေ့ကျင့်ခန်း၊ games, audio, video နဲ့ စာသားတွေအပါအ၀င် ခန့်မှန်းခြေ နာရီ ၅၀ စာ online သင်ခန်းစာများ

Computer or Smart phone-based

60 minutes

cats-core-img

CATs Step Core မှာ သဒ္ဒါနဲ့ ဝေါဟာရကို အဓိကထားပြီး ဘာသာစကားဆက်သွယ်ပြောဆိုလေ့ကျင့်မှု့ အခွင့်အလမ်းအများအပြားပါဝင်ပါတယ်။ ဒီ လက်တွေ့ချဥ်းကပ်မှု့ဟာ လေ့လာသူတွေကို နေ့စဥ်ဘဝမှာ လိုအပ်တဲ့ ဆက်သွယ်ဆက်ဆံရေး စွမ်းရည်တွေရရှိစေမှာပါ။ Grammar, Vocabulary and Video Extra သင်ခန်းစာတွေက အဖိုးတန်တဲ့ နောက်ထပ်အလေ့အကျင့်တွေကို ရရှိစေမှာပါ။ level အနိမ့်များမှ သင်တန်းသားများအနေနဲ့ စာတွေ၊ အသံတွေ လမ်းညွှန်ချက်တွေ ကို သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ ရရှိနိုင်တဲ့ ထပ်ဆောင်းအကူအညီကို ရွေးချယ်စရာအဖြစ် ပေးထားပါတယ်။

cats-higher

ယခင် လေ့လာဖူးသူများ၊ ကျောင်းသားများနဲ့ လုပ်ငန်းခွင်ဝင်နေသူများ

B2 to C1: CATs Step Higher 1, 2 and 3

အပြန်အလှန်လေ့ကျင့်ခန်း၊ games, audio, video နဲ့ စာသားတွေအပါအဝင် ခန့်မှန်းချေ နာရီ ၅၀ စာ online သင်ခန်းစာများ

Computer-based

3 hours for all 4 skills

cats-higher-img

CATs Step Higher helps students and employers achieve higher levels of English language competence in educational organisations and the workplace. CATs Step Higher includes 40 hours of additional exam preparation to build the skills needed for major English examinations at this level, such as IELTS, TOEFL and PTE.